BURMAVISA.COM

Myanmar will not be ready for ASEAN Visa : ဘာလီ အစည်းအဝေးတွင် ဆွေးနွေးမည့် အာဆီယံဗီဇာ မြန်မာ အဆင်သင့် မဖြစ်နိုင် Saturday, 16 July 2011 16:18 The Voice Journal

အင်ဒိုနီးရှား၏ နာမည်ကျော် အပန်းဖြေကျွန်းဖြစ်သော ဘာလီကျွန်း နိုဆာဒူဝါတွင် ကျင်းပတော့မည့် ၄၄ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံဗီဇာ အကောင်အထည်ဖော်ရေး ကိစ္စကိုလည်း ဆွေးနွေးမည် ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ၎င်းဗီဇာကို လက်ခံနိုင်ရန် အဆင်သင့် မဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက The Voice Weekly သို့ ပြောကြားသည်။

အရှေ့တောင်အာရှ နိုင်ငံများတွင် ခရီးသွားလာရာ၌ ပိုမိုအဆင်ပြေစေရေးအတွက် အာဆီယံ ပေါင်းစည်းဗီဇာ အကောင်အထည်ဖော်ရန် အာဆီယံ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားက အဆိုပြုထားကြောင်း ယမန်နေ့ထုတ် The Jakarta Post တွင် ဖော်ပြထားသည်။

ထိုကြောင့် အစည်းအဝေးတွင် လွှမ်းမိုးမှုအရှိဆုံး ဆွေးနွေးစရာများ ဖြစ်လာမည့် တောင်တရုတ်ပင်လယ်အရေး၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခ၊ မြောက်ကိုရီးယား အရေး စသည့် ကိစ္စရပ်များ အပါအဝင် အာဆီယံဗီဇာကိစ္စသည်လည်း ဆွေးနွေးစရာ ကိစ္စတစ်ခု ဖြစ်လာမည် ဖြစ်သည်။

“ဒီ ဗီဇာ ဖြစ်လာရင် (အာဆီယံ) ဒေသတွင်းမှာ လည်ဖို့ ပတ်ဖို့ ဗီဇာတစ်ခုတည်းပဲ လိုတော့မယ်။ ဒါဟာ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာ လီဂါဝါ က ဇူလိုင် ၁၄ ရက်နေ့က ပြောဆိုထားသည်။

ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု တိုးတက်နေသော မြန်မာနိုင်ငံ အနေဖြင့် ခရီးသွားဗီဇာဆိုင်ရာ မူဝါဒများ တည်ငြိမ်မှု မရှိခြင်း၊ ခရီးသွား အများအပြား ဝင်ရောက်လာပါက လုံလောက်သော အခြေခံအဆောက်အဦ မရှိခြင်း၊ နိုင်ငံစီးပွားရေးထက် လုံခြုံရေးကို အစဉ်အမြဲ ဦးစားပေးလေ့ရှိခြင်း စသည့်အချက်များကြောင့် အာဆီယံ ပေါင်းစည်းဗီဇာကို လတ်တလော အနေအထားတွင် အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။ “အခုအချိန်မှာတော့ မြန်မာက လက်ခံသေးမယ် မထင်ဘူး။ အခု ဆိုက်ရောက်ဗီဇာတောင်မှ ပေးလိုက် မပေးလိုက် လုပ်နေတာ” ဟု အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအခြေစိုက် နိုင်ငံတကာ ခရီးသွား ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာမန်နေဂျာ တစ်ဦးက ပြောကြားသည်။

ယင်းစနစ် အကောင်အထည်ဖော်ပါက အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား စသော ကမ္ဘာလှည့်ခရီးသွားနှင့် ပတ်သက်၍ တိုးတက်လိုစိတ် အားထက်သန်သော နိုင်ငံများတွင် ဦးစွာ အကောင်အထည် ဖော်နိုင်မည်ဟု ယူဆကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် စီးပွားရေးအရ ကွာဟချက် များပြားခြင်း၊ အာဆီယံဒေသတွင်း နယ်စပ်များတွင် လုံခြုံမှု အကန့်အသတ် ရှိခြင်းတို့ကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများတွင် အကောင်အထည် ဖော်ရန် လတ်တလော ခက်ခဲနေဦးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးသုတေသီ တစ်ဦးကလည်း သုံးသပ်သည်။

“မြန်မာအနေနဲ့တော့ ကြာဦးမယ် ထင်တယ်။ ၂၀၁၅ နောက်ပိုင်းလောက်မှ ဖြစ်မှာ” ဟု ၎င်းက သုံးသပ်သည်။ မြန်မာအစိုးရသစ် တက်လာပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းမှုအချို့ တွေ့ရသော်လည်း တိကျသောမူဝါဒ ချမှတ်မှု အားနည်းသဖြင့် ထိရောက်မှု နည်းပါးကြောင်း မြန်မာ ခရီးသွားလုပ်ငန်း ပင်တိုင်ရေးသားသော သတင်းစာဆရာ တစ်ဦးက မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်လာပါက ဝန်ဆောင်မှု ပေးစွမ်းနိုင်မည့် လူစွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အဦများ အပိုင်းတွင်လည်း များစွာ ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပြည်တွင်းခရီးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက အမြဲတစေ သုံးသပ်လေ့ရှိသည်။

၂၀၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားနှင့် သက်ဆိုင်သော ဆောင်းပါးများ နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြမှု ပိုမိုများပြားလာပြီး ၂၀၁၁ ပထမ ငါးလတာ ကာလအတွင်း ခရီးသွား ဝင်ရောက်မှု ၂၄ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်းဗီဇာကိစ္စကို ဆွေးနွေးမည်ဖြစ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးများ၊ အာဆီယံဒေသတွင်း ဖိုရမ်စသည့် အစည်းအဝေးများကို ဘာလီကျွန်း၊ နိုဆာဒူဝါမြို့တွင် ဇူလိုင် ၂၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

ယင်းအစည်းအဝေးများသို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် တရုတ်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ စသော ဒေသတွင်း နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြမည် ဖြစ်သည်။

“Gone With The Wind” is 75

Atlanta, Georgia (CNN) – For someone who hated publicity, Margaret Mitchell can’t seem to duck the limelight these days.

On a hot Sunday afternoon, a flock of visitors gathered before her tombstone in Atlanta’s Oakland Cemetery to observe the 75th anniversary of “Gone With the Wind,” the sweeping novel she published on June 30, 1936.

“Ladies and gentleman, we have a special guest today,” a costumed guide announced.

With that, a smiling brunette in a flower-print dress wandered from behind the bushes. “It gives me the humbles to see so much fuss over my little ole book,” she said in a ripe Southern accent.

For details go to:

http://edition.cnn.com/2011/LIVING/06/25/gone.with.the.wind.fans/index.html?hpt=hp_c1

source: CNN

http://www.enchantingmyanmar.com

Hackers attack Malaysian government websites

KUALA LUMPUR: Hackers have attacked Malaysian government websites, authorities said Thursday, following a threat by the “Anonymous” activist group which accused Malaysia of censoring the Internet.

Fifty-one government websites were targeted, causing disruptions to at least 41 of them, the Malaysian Communications and Multimedia Commission (MCMC) said in a statement.

It said the attacks on websites with the .gov.my domain started shortly before midnight Wednesday and lasted several hours, but appeared to have caused little damage.

“The Malaysian Communications and Multimedia Commission confirms that there were indeed attempts to hack several websites,” it said.

“However, we do not expect the overall recovery to these websites to take long as most websites have already recovered from the attack,” it added.

The commission said it would work with enforcement agencies, security experts and service providers to keep the situation in check.

Malaysian authorities had Wednesday braced themselves for cyber attacks after Internet activists Anonymous warned on a website that they would target the government portal www.Malaysia.gov.my.
For details go to:

http://www.channelnewsasia.com/stories/afp_asiapacific/view/1135456/1/.html

source; Channel News Asia

http://www.enchantingmyanmar.com

Pyithu Hluttaw Speaker Thura U Shwe Mann makes goodwill visit to Russian Federation

Speaker of the Pyithu Hluttaw Thura U Shwe Mann and delegation left for the Russian Federation on a goodwill visit at the invitation of the Chairman Mr B V Gryzlov of State Duma Federal Assembly of Russian Federation. He was accompanied by Chairman U Aung Tun of Public Accounts Committee of Amyotha Hluttaw, Secretary U T Khun Myat of Bills Committee of Pyithu Hluttaw, Secretary U San Tun of Bills Committee of Amyotha Hluttaw, Secretary U Maung Toe of Public Accounts Committee of Pyithu Hluttaw, Secretary U Hla Myint Oo of Hluttaw Rights Committee of Pyithu Hluttaw, Secretary U Than Myint of Government’s Guarantees, Pledges and Undertakings Vetting Committee of Pyithu Hluttaw, member of Public Accounts Committee of Pyithu Hluttaw Dr Win Myint, members of Hluttaw Rights Committee of Amyotha Hluttaw U Nyunt Tin and U Nay Win Tun and departmental officials.

For details go to :

http://www.mrtv3.net.mm/

source:New Light of Myanmar.

http://www.enchantingmyanmar.com

Myanmar Visa Online Help


Live Help

Forum

Latest News

 










Who is Online?

We have 5 guests and no members online

Instant Message